MD Message

Japan နိုင်ငံ၏ Tokyo Stock Exchange တွင်လည်း ပထမ အဆင့် အနေဖြင့် သတ်မှတ်ခံရသည်။ Rohto Company သည် ယခုအခါတွင် ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသော အရည်အသွေးပြည့်မှီသည့် ကုန်ပစ္စည်းအမျိုးအစားပေါင်း များစွာကို နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်မှစတင်၍ V. Rohto မျက်စဥ်းဖြင့် စျေးကွက်ကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါသည်။
စီးပွားရေး လုပ်ဖော်ကိုင်ဖက်များ၊ အရောင်းကိုယ်စလှယ်ကြီးများနဲ့ သုံးဆွဲသူများအားလုံးရဲ့ စဥ်ဆက်မပြတ်အားပေးကူညီမှူကြောင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ၀ န်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)၊ (Foreign Direct Investment) တွင်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှူ ကုမ္ပဏီအနေဖြင့် တရားဝင် မှတ်ပုံတင်ရရှိပြီး မဂ်လာဒုံစက်မှူဇုံ တွင် စက်ရုံတည်ထောင်ကာ၊ ယနေ့အချိန်အထိ ပစ္စည်းအမျိုးအစားပေါင်း 90 ကျော်ကို ထုတ်ပိုးမှူအနေနှင့်ရော ထည့်သွင်း သည့် ပုံစံနှင့်ပါ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

ကျွန်မတို့၏ Rohto-Mentholatum (Myanmar) Co., Ltd (RMM) သည် ၂၀၂၀ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့တွင် ၈ နှစ်ပြည့်ခဲ့ပါပြီ။ ဤမှတ်တိုင်သည် ကျွန်မတို့၏ ဖောက်သည်များအပါအဝင် အဖွဲ့အစည်းနှင့် ပက်သက်သူအားလုံး၏ အားပေးကူညီမှု၏ သက်သေတစ်ရပ်ဖြစ်ခဲ့သည် ဆိုသည်ကိုလည်း ကျေးဇူးတင်စွာဖြင့် ဂါရဝပြု ပြောဆိုအပ်ပါသည်။ တစ်ကမ္ဘာလုံးရှိ Rohto Company အားလုံး လက်ကိုင်ထားသည့် “ Never Say Never” ဟူသော ဆောင်ပုဒ်သည် “ မဖြစ်နိုင်ဘူးဆိုတာ မရှိ” ဆိုသော ခိုင်မာသည့် ရပ်တည်ချက်ကို ရည်ညွှန်းပါသည်။ သို့သော် ဝန်ထမ်းအားလုံးအား မိုက်ရူးရဲဆန်စွာ အလုပ်လုပ်စေခြင်း၊ အတင်းအဓမ္မ စေခိုင်းခြင်းမျိုးကို မရည်ရွယ်ပါ။
မိမိတို့တာဝန်အသီးသီးကို ပျော်ရွှင်စွာ ထမ်းဆောင်ရင်း စားသုံးသူများနှင့် ပတ်ဝန်းကျင်ရှိ အခက်အခဲများကို ရင်ဆိုင်ကူညီရန် အသင့်ရှိကြောင်း အဓိပ္ပါယ်ပေါ်လွင်ပါသည်။ “ အရောဂျံ ပရမံ လာဘံ” – “ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး”ဟု ဆိုရိုးစကားအတိုင်း၊ လူတိုင်းသည် ကျန်းမာစွာ ရှိနေသည့် လူနေမှုပုံစံ (Lifestyle) ကို ရွေးချယ်နေထိုင်ရမည်။ ကျန်းမာ၊ နုပျိုလှပစေသည့် အလေ့အကျင့်၊ အပြုအမူ (Habit) တို့ကိုလည်း မိမိသာမက၊ မိမိ၏ပတ်ဝန်းကျင်ကိုပါ ပြုစု ပျိုးထောင်ပေးရန် လိုအပ်ပါသည်။ထိုရည်ရွယ်ချက်နှင့်အညီ ကျွန်မတို့ Rohto-Mentholatum (Myanmar) Co., Ltd ၏ ဆောင်ပုဒ်ဖြစ် သည့် “We are not selling Product. We are selling Lifestyle, Fashion, Health and Habit”အဓိပ္ပါယ်ကတော့……. ကျွန်မတို့ RMM အနေဖြင့် “ကုန်ပစ္စည်းကိုသာ ထုတ်လုပ်ရောင်းချခြင်း မဟုတ်ဘဲ၊ မိမိတို့၏ လူနေမှုဘဝပုံစံ၊ အလှအပ၊ ကျန်းမာရေးနှင့် ၎င်းတို့ကို ထိန်းသိမ်း စောင့်လျှောက်သည့် အလေ့အထကောင်းများကိုပါ ရောင်းချရန်” ရည်ရွယ်ပြီး၊ အကျိုးပြုသွားမည် ဖြစ်ပါသည်။
RMM အနေဖြင့်လည်း အထက်ပါရည်ရွယ်ချက်နှင့်အညီ ပိုမိုထိရောက်သော စနစ်ကျမှုနှင့် မှန်ကန်မှုရှိစေရန်အလို့ငှာ အားကောင်းသော ကော်ပိုရေးရှင်းနှင့်ဆိုင်သော စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်ကို အခြေခံ၍ ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။

ထိုကော်ပိုရေးရှင်းနှင့်ဆိုင်သော စီမံခန့်ခွဲအုပ်ချုပ်မှုစနစ်ကို ထိုစနစ်၏ အဓိကမဏ္ဍိုင်ကြီး ( ၅ ) ရပ်ဖြစ်သည့်

၁. ပေါ်လစီများနှင့် လုပ်ထုံးလုပ်နည်းများ၊

၂. အတွင်းအပြင် စာရင်းစစ်မှုများ၊

၃. အကဲဖြတ်သုံးသပ်ချက်များ၊

၄. လိုက်နာမှု ရှိမရှိ စောင့်ကြည့် အစီရင်ခံတင်ပြခြင်းများနှင့်

၅. စီးပွားရေး လုပ်ငန်းဆုံးရှုံးမှုဆိုင်ရာ အကဲဖြတ်မှုတို့မှ အထောက်အကူပြုထားသည်။

လိုအပ်လျှင် လိုအပ်သလို Standard Operation Procedures (SOPs) – စံစီစစ်ရေး လုပ်ထုံးလုပ်နည်းများ ချမှတ်၍ ပြင်ဆင်၊ ပြောင်းလဲ လုပ်ကိုင်လျက်ရှိပါသည်။

စီးပွားရေးအကြပ်အတည်းကာလများတွင်လည်း Next Normal ပုံမှန်အခြေအနေကိုမစောင့်ပဲ၊ ရေရှည်ဖွဲ့ဖြိုးတိုးတက်မှု ရရှိရန်။

၁. ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့ဆက်ဆံမှု နှင့် အားပေးကူညီမှု။ Employee Engagement

၂. ဝန်ထမ်းတစ်ဦးချင်းဆီရဲ့ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာရှိမှု။ Accountability and Transparencies of individual employees

၃. လုပ်ငန်းရှင် သကဲ့သို့ အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးခြင်း။ Ownership Mindset

၄. ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် Rohto ရုံးချုပ်နှင့် နိုင်ငံတကာရုံးခွဲများ၏ မူဝါဒများကို ကိုးကား၍ အချိန်နှင့်တပြေးညီ ထုတ်ပြန်နေသည့် နိုင်ငံတော်၏ စည်းမျဥ်း စည်းကမ်းများ ၊ ကန့်သန့်ချက်များနှင့်အညီ စီမံခန့်ခွဲခြင်း။

၅. စျေးကွက်ရှိ Customer များနှင့်သော်လည်းကောင်း၊ ဖြန့်ဖြူးရောင်းချနေသော ကိုယ်စားလှယ်ကြီးများနှင့်သော်လည်းကောင်း တသားတည်းဖြစ်နေအောင် လိုအပ်သလို လျှော့ပေါ့ပြောင်းလဲ ကိုင်တွယ်ဖြေရှင်းပေးခြင်း။

၆. ဖြစ်ပေါ်၊ ကြုံတွေ့နေရသည့် အခက်အခဲများအကြား စျေးကွက်ပြောင်းလဲမှုကိုလိုက်၍ လျင်မြန်စွာ လိုက်ပါပြောင်းလဲခြင်း။

၇. ဒီဂျစ်တယ် အသွင်ပြောင်းလဲလာမှုအပေါ် အခြေခံ၍ နည်းပညာပိုင်းဆိုင်ရာမှာ အားကောင်းအောင် ပြင်ဆင်ထားခြင်း စသည့် အုပ်ချုပ်မှု ပုံစံမျိုးနှင့် ဝန်ဆောင်ပေးလျက်ရှိပါသည်။

လုပ်ငန်း တဖြည်းဖြည်း ကြီးထွားလာတာနဲ့အမျှ ကျင့်ဝတ်ဆိုင်ရာ အလေ့အကျင့်ကောင်းများကိုလည်း လေ့ကျင့်ပြုစုပျိုးထောင်သွားရန် ရည်ရွယ်ပါသည်။

လုပ်ငန်းများ လုပ်ကိုင်သွားရန် Corporate Social Responsibility (CSR) လူမှုရေးတာဝန်ယူမှု နှင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု လုပ်ငန်းများ အပေါ်လည်း ကတိကဝတ်ပြု လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်း “Triple Bottom Line” ဖြစ်သည့် People, Planet & Profit ကို အခြေခံသည့် ကုမ္ပဏီ၏ ဘဏ္ဍာရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်နိုင်မှု၊ အထောက်အပံ့ပြုမှုများကိုလည်း စိတ်အားထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်သွားလျက်ရှိပါသည်။

အထက်ပါ လုပ်ငန်းများကို ယမန်နှစ်က နိုင်ငံအတွင်းဒေသအနှံ့အပြားသို့လှည့်လည်၍ ရာသီဥတုဘေးအန္တရာယ်နှင့် ကူးစက်ရောဂါဆိုးများတားဆီးရေး အသိပညာပေး ဟောပြောပွဲများအား သရုပ်ဆောင်များနှင့် အတူ တကွ ဆောင်ရွက်ပေးခဲ့သည်။

ယခုအခါ မန္တလေးမြို့ရှိ၊ ရွှေအလင်းရောင်(ရိုတို) မျက်စိအထူးကုဆေးရုံကြီးကိုလည်း ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံများ၊ ပြည်တွင်းမှ ကျွမ်းကျင်သော မျက်စိဆရာဝန်ကြီးများ၊
မှ ခေတ်မှီစက်ကရိယာများ၊ ဆေးဝါးများ အသုံးပြုပြီး ငွေကြေးတတ်နိုင်သူများအား သင့်တင့်သော ဝန်ဆောင်ခဖြင့်သော်လည်းကောင်း ချို့တဲ့သော လူနာများအား အခမဲ့ ကုသကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ထားရှိ ကုသလျက်ရှိပါသည်။

ထပ်မံဆောက်လုပ်လျက်ရှိသည့် စက်ရုံကြီး ပြီးစီး ၍ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်လည်း၊ ဂျပန်နိုင်ငံ နည်းပညာနှင့်အညီ အရေအသွေးမှီ အလှအပနှင့် ကျန်းမာရေးအတွက် ပစ္စည်းများထုတ်လုပ် ဖြန့်ဖြူးသွားရန်ရှိပြီး လူသားနှင့်ပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုရှိစေရန်လုပ်ကိုင်ဆောင်ရွက်သွားရန် ကတိကဝတ်ပြုပါသည်။


ကျေးဇူးတင်ပါသည်
လေးစားစွာဖြင့်
စန္ဒာရွှေ

Emergency Phone

9:00 AM - 6:00 PM

Address

62st x 102st, Chanmyathazi Township, Mandalay.

Emergency Phone

9:00 AM - 6:00 PM

Address

62st x 102st, Chanmyathazi Township, Mandalay.

Emergency Phone

9:00 AM - 6:00 PM

Address

62st x 102st, Chanmyathazi Township, Mandalay.